နိုက်ထရိုဂျင် ၃၀% ပါဝင်၍ အပင်ပေါက်သန်ခြင်း၊ ရွက်သားစိမ်းခြင်း၊ ရွက်သားထူခြင်း၊ အရွက်များအရောင်မညီကွက်ကြားဖြစ်ခြင်းများကို ကာကွယ်နိုင်ခြငိး စသောအကျိုးကျေးဇူးများကိုရရှိစေပါသည်။ ဆေးဖျန်းပုံး ၁ ပုံးလျှင် ဆေးမှုန့် ၅၀ ဂရမ် (မြင်းခေါင်းစတီးဇွန်း ၅ ဇွန်း)ထည့်၍ အသုံးပြုပါ။
Friday, June 12, 2015
Thursday, June 11, 2015
အန်အေဘီ - အဇို မှိုသတ်ဆေး
သီးနှံပင်များတွင်ကျရောက်သော တောက်တဲ့မြီး၊ မှဲ့ပြောက်စွန်း၊ လောင်မဲ၊ သံချေး စသောရောဂါအမျိုးမျိုးကို အမြတ်ပြတ်သုတ်သင် ကာကွယ်ကုသ နိုင်သော အစွမ်းထက်ဆုံး ပင်လုံးပျံ့ အာနိသင်ရှိ မှိုသတ်ဆေး ဖြစ်သည်။ဆေးဖျန်းပုံး ၁ ပုံးလျှင် ဆေးရည် ၁၀စီစီ (မြင်းခေါင်းစတီးဇွန်း ၁ ဇွန်း)
ပိုးသတ်ဆေး NAB မီဒါ
သီးနှံမျိုးစုံတွင်ကျရောက်သော ပျ၊ ဖြုတ်၊ လှေး၊ ယင်ဖြူ စသော စုပ်စားပိုးများကို ထိရောက်စွာ ကာကွယ်နှိမ်နှင်းနိုင်သည့် ပင်လုံးပျံ့ ထိသေ စားသေ အာနိသင်ရှိ ပိုးသတ်ဆေးဖြစ်သည်။ ဆေးဖျန်းပုံး ၁ပုံးလျှင်၂၀ ဂရမ် ( မြင်းခေါင်းစတီးဇွန်း ၂ ဇွန်း)ထည့်ပါ။
Wednesday, June 10, 2015
Tuesday, June 9, 2015
နှမ်းပေါင်းသတ်ဆေး NAB စတား
နှမ်းခင်းအတွင်း ပေါက်ရောက်သော မြက်မျိုးရင်းဝင်ပေါင်းများကို သတ်နိုင်သည့် ရွေးချယ်ပေါင်းသတ်ဆေးဖြစ်သည်။
ဥပမာ ...... ဘဲစာ၊ မြေစာ၊ လက်သဲကွဲ၊ ပတော် စသည့်မြက်အုပ်စုဝင်ပေါင်းများ
နှမ်းပင်အားထိခိုက်မှု လုံးဝ မရှိပါ။အထူးအာမခံပါသည်။ NAB စတားကိုဆေးဖျန်းပုံး ၁ပုံးလျှင် ဆေးရည် ၃၀စီစီ ( မြင်းခေါင်းစတီးဇွန်း ၃ ဇွန်း)ထည့်၍ ပက်ဖျန်းပါ။မြေကြီးအစိုဓာတ်ရှိရန် အရေးကြီးပါသည်။
Friday, June 5, 2015
လှေးပိုး
နှမ်းပွင့်ထဲဝင်နေတဲ့ လှေးပိုးပါ။ နှမ်းပွင့်အတွင်းမှ သီးကင်း အနုကို စုပ်ယူစားသောက်ဖျက်စီးသဖြင့် သီးနှံအထွက်နှုန်းကိုလျော့ကျစေပါသည်။
အသုံးပြုရန်.. .......
NAB မီဒါ ၊NAB စီအိပ်ခ်ျအယ်လ်
နှမ်းဖိုခြင်း
နှမ်းဖိုတယ်ဆိုတာ အပင်ငယ်စဉ်မှ စတင်ကျရောက်သော ဖြုတ် ကြောင့်ဖြစ်ရတာပါ။ စုပ်စားပိုးများကို ကာကွယ်နိုင်နှင်းကြပါစို့
အသုံးပြုရန်............NAB မီဒါ (imidaclopid) ၊NAB စီအိပ်ခ်ျအယ်လ် (cholorpyrifos)စသည့်ပင်လုံးပြန့်ပိုးသတ်ဆေးများဖြင့်နှိမ်နှင်းနိုင်ပါသည်။
Thursday, June 4, 2015
အားထားယုံကြည် NAB
Topagri Myanmar Company Limited မှတင်သွင်းဖြန့်ဖြူးသော စိုက်ပျိုးရေးသုံးဆေးများ ကို တိုက်ဝါကြီးလမ်း၊ ရွှေကြာအင်း(၂) ၊ တောင်တွင်းကြီးမြို့`` ရွှေပျိုးသာ ´´ ဆိုင်တွင် ၀ယ်ယူရရှိနိုင်ပါသည်။